
ချဲလ်ဆီး လူငယ်ကြယ်ပွင့် တိုင်ရစ်ခ်ဂျော့ချ် အပေါ် ချီးကျူးစကား ဆိုသွားတဲ့ မာရက်စ်ကာ
ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကွန်းဖရန့်လိဂ် play-off နောက်ဆုံးအဆင့် ဒုတိယအကျော့ပွဲမှာ ဆွစ်ဇာလန် ကလပ် ဆာဗက် အသင်းကို ၂ – ၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၂ကျော့ပေါင်း ရလဒ် အရ ၃ – ၂ နဲ့ အနိုင်ရပြီး ၊ ကွန်းဖရန့်လိဂ် ပြိုင်ပွဲသို့ ကလပ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။