ဖိအားတွေနဲ့ပတ်သက်ပြီး ယောကရက်စ်ကို သတိပေးလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဗစ်တာယောကရက်စ်ကို အသင်းရဲ့နံပါတ် ၉ ဂျာစီကိုဝတ်ဆင်ထားတဲ့အတွက် ကြီးမားတဲ့ဖိအားတွေရှိနေတယ်ဆိုတာကို သတိပေးခဲ့ပါတယ်။ ဆွီဒင်တိုက်စစ်မှူးဟာ ၆ ပွဲဆက်ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမဲ့ အာတီတာက တိုက်စစ်မှူးရဲ့ခြေစွမ်းအတွက် မစိုးရိမ်ဘူးလို့ဆိုပါတယ်။

