လူငယ်စတားဘယ်လင်ဟမ်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း
ဘိုင်ယန်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ဒေါ့မွန်လူငယ်စတားဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းက ကာကွယ်ပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်က အသက် ၂၀ အရွယ်ကစားသမားအနေနဲ့ အလုပ်ဆက်ကြိုးစားဖို့အပြင် စိတ်ရှည်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

