
ရော်နယ်ဒိုကိုခေါ်ယူမိခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝန်ခံလာတဲ့ ဆိုးလ်ရှား
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလေဂန်နာဆိုးလ်ရှားက အသင်းကိုကိုင်တွယ်နေစဉ် ကြယ်ပွင့်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုကို အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူခဲ့ခြင်းက မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ဝန်ခံလာခဲ့ပြီး တကယ်လို့ ရော်နယ်ဒိုသာ မန်စီးတီးကို ရောက်သွားပါက ဟာလန်းထက် ဂိုးတွေပိုသွင်းနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။