အန်ဆယ်လော့တီ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဒါဂူလာ

အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်ရဲ့အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ အန်ဆယ်လော့တီ ချီးကျူး

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေး အာဒါဂူလာဟာ လက်ရှိအချိန်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပေမဲ့ အနာဂတ်မှာတော့ အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ခီလီယန်အမ်ဘာပေ

ဒဏ်ရာမှသက်သာလာတာကြောင့် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်မဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ခြေကျင်းဝတ်ဒဏ်ရာကြုံတွေ့ခဲ့ရသော်လည်း ယခုအခါမှာ သက်သာနေပြီဖြစ်တာကြောင့် အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်သွားရမဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ချေရှိတယ်လို့သိရပါတယ်။ 

အပြည့်အစုံဖတ်ရန်