ကစားသမား ၅ ဦးအထိရောင်းချနိုင်ဖို့လိုအပ်နေတဲ့ မန်စီးတီး

အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီ ကစားသမား ၅ ဦးအထိရောင်းချနိုင်ဖို့လိုအပ်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့အတွက် ယခုနွေရာသီအပြောင်းအရွှေ့ကာလအအတွင်း ဈေးကွက်မပိတ်သိမ်းမီ အသင်းမှ ကစားသမား ၅ ဦးအထိ ရောင်းချသွားဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ပက်ဂွါဒီယိုလာ

ဂိုးသမားနေရာနဲ့ပတ်သက်လို့ မထင်မှတ်စရာနောက်ဆုံးအခြေအနေအကြောင်း ဖွင့်ဟခဲ့တဲ့ ပက်ဂွါဒီယိုလာ

အီဒါဆန်ထွက်ခွာမဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ မန်စီးတီးအသင်းရဲ့မရေမရာဖြစ်နေတဲ့ ဂိုးသမားနေရာနဲ့ ပတ်သက်လို့ အံ့အားသင့်ဖွယ်သတင်းစကားတစ်ခုကို ပက်ဂွါဒီယိုလာက ဖွင့်ဟလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းရဲ့ဂိုးသမားနေရာက ဒဏ်ရာပြဿနာအပြင် အမှားအယွင်းတွေ ကျူးလွန်လေ့ရှိတဲ့ အီဒါဆန်နဲ့အတူ အရံဂိုးသမားအော်တေဂါရဲ့မတည်ငြိမ်တဲ့လက်စွမ်းပိုင်းတို့ကြောင့် မရေမရာအခြေအနေအောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှစ်ကြိမ်တိုင်ရရှိခဲ့ဖူးသူတွေက ပေါ်တိုရဲ့ဒီယိုဂိုကော်စတာ၊ အက်စ်ပန်ညိုရဲ့ဂျိုအမ်ဂါစီယာတို့ကို ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်