
‘ကိုမို’နှင့်’အေစီမီလန်’တို့ရဲ့စီးရီးအေပွဲကို ဩစတြေးလျတွင်ကစားရန် စီစဉ်ခြင်းအပေါ် သဘောကျခြင်းမရှိနေတဲ့ ဖာဘရီဂက်စ်
ကိုမိုနည်းပြ ကက်စ် ဖာဘရီဂတ်စ်ဟာ သူ့အသင်းရဲ့ အေစီမီလန် နဲ့ကစားမဲ့ စီးရီးအေပွဲကို ဩစတြေးလျသို့ ပြောင်းရွှေ့ဖို့ စီစဉ်မှုအပေါ် သဘောကျခြင်း မရှိပါဘူး။ မကြာသေးခင်က ဖက်ဒရယ်ကောင်စီဟာ ပွဲစဉ်တစ်ခုကို ဩစတြေးလျမှာ ကစားဖို့ မီးစိမ်းပြခဲ့ပြီး အဲဒီအချိန်က ဆန်စီရိုမှာ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနား ကျင်းပနေမှာဖြစ်တဲ့အတွက် ကိုမိုနဲ့ မီလန်တို့ရဲ့ပွဲကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။