ဒဏ်ရာပြဿနာကြောင့် ၄ ပတ်လောက်အထိအနားယူရမဲ့ ဘာစီလိုနာနောက်ခံလူ ကွန်ဒီ
ဘာစီလိုနာညာနောက်ခံလူ ဂျူးလက်စ်ကွန်ဒီဟာ တနင်္ဂနွေနေ့ညက ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြောင့် ၄ ပတ်လောက်အထိ အနားယူသွားရမှာဖြစ်လို့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။

