မာတင်နယ်လီ

‘မာတင်နယ်လီ’ကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အယ်လ်နာဆာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အာဆင်နယ်ကြယ်ပွင့် ဂါဘရီရယ်မာတင်နယ်လီကို ပေါင်သန်း ၇၃ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်အသင်းဟာ ဖီနာဘာချီကို အငှားနဲ့ပြောင်းရွှေ့တော့မဲ့ ဂျွန် ဒူရန်နေရာမှာ အစားထိုးဖို့ တိုက်စစ်ကစားသမားသစ်ရှာဖွေနေတာပါ။ လီဗာပူးကစားသမား လူဝစ်ဒီးယက်ဇ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် အယ်လ်နာဆာအသင်းဟာ မာတင်နယ်လီကို ဒီနွေရာသီအတွင်း တိုက်စစ်ကို အားဖြည့်ဖို့အတွက် အကောင်းဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ထားပါတယ်။

အပြည့်အစုံဖတ်ရန်
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မဲ့အစား အနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ပေါ်တူဂီကစားသမားဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်သက်တမ်းတိုးပြီးနောက်မှာ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်အရ အသက် ၄၂ နှစ်အထိ ဆော်ဒီပရိုလိဂ်ကလပ်မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီ နှင့် ရိုနယ်ဒို

ရော်နယ်ဒိုနဲ့သူနဲ့ကြားက ဆက်ဆံရေးအခြေအနေကို ပြောပြလာတဲ့ မက်ဆီ

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက သူနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေဟာ သာမန်သာဖြစ်ကြောင်းနဲ့ ရင်းနှီးတွေမိတ်ဆွေတွေမဟုတ်ကြောင်း ပြောပြလာခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ၂ ပွင့်ဟာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပေမဲ့ တစ်ဦးနဲ့တစ်ဦး ရန်ငြှိုးထားတာမျိုးမရှိခဲ့ဘဲ အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ကစားခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ကာလရှည် အပြိုင်လုခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အကောင်းဆုံးကစားသမားကို ရွေးချယ်လိုက်တဲ့ ပီအက်စ်ဂျီစတား

သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားကို ရွေးချယ်လိုက်တဲ့ ပီအက်စ်ဂျီစတား

ပီအက်စ်ဂျီစတား ကာဗာစခီလီယာက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ် ရော်နယ်ဒို နဲ့ မက်ဆီတို့အားပြိုင်မှုမှာ အာဂျင်တိုင်းသားဘက်က ရပ်တည်လိုက်ပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီတို့အားပြိုင်မှုမှာ ပီအက်စ်ဂျီစတား သူ့အမြင်အရ မက်ဆီကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ခရစ္စတီယာနိုရော်နယ်ဒို

ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရထားတဲ့ ဘိုတာဖိုဂိုနဲ့ ချိတ်ဆက်ဖို့လည်း ငြင်းဆန်ထားတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ ဘရာဇီးကလပ် ဘိုတာဖိုဂိုနဲ့ချိတ်ဆက်ဖို့လည်း ငြင်းဆန်ထားတယ်လို့ ယူနိုက်တက်အသင်းဖော်ဟောင်း အဲလက်ဇ်တဲလက်စ်က ပြောကြားလာခဲ့ပါတယ်။ တဲလက်စ်ဟာ ရော်နယ်ဒိုနဲ့အတူ ယူနိုက်တက်နဲ့ အယ်လ်နာဆာတို့မှာ ကစားခဲ့ဖူးသူဖြစ်ပြီး ယခုအခါမှာတော့ ဘိုတာဖိုဂိုအသင်းမှာရောက်ရှိနေတာဖြစ်ပါတယ်။ ကစားသမားဟာ ဘိုတာဖိုဂိုသို့ပြောင်းရွှေ့လာဖို့ ရော်နယ်ဒိုကို တိုက်တွန်းပြောဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့ ပေါ်တူဂီသားက ငြင်းဆန်းထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရော်ဘတ်တိုမာတီနက်ဇ်က ခရစ္စတီယာနိုရော်နယ်ဒို

ရော်နယ်ဒိုက ပေါ်တူဂီအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်တယ်လို့ မာတီနက်ဇ် အခိုင်အမာဆို

ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေဆဲဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ကာ လက်ရွေးစင်အသင်းအတွက် သူ့ရဲ့အရေးပါမှုကို ထပ်မံသက်သေပြသနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆုဖလားရလို့ ဝမ်းသာမျက်ရည်ကျတဲ့ ရော်နယ်ဒို

စပိန်ကိုနိုင်တာတာကြောင့် နေရှင်းလိဂ်ဖလားကို ပေါ်တူဂီဆွတ်ခူးပြီး ဝမ်းသာမျက်ရည်ကျတဲ့ ရော်နယ်ဒို

တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ် ဗိုလ်လုပွဲစဉ်မှာ စပိန်နဲ့ပေါ်တူဂီတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ သာမန်ပွဲကစားချိန်အတွင်း ၂-၂ နဲ့သရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ပေါ်တူဂီက ၅-၃ နဲ့အနိုင်ရကာ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရာဇီးဘောလုံးလောကအကြောင်း အမြဲတမ်းမေးဖြစ်တဲ့ ရော်နယ်ဒို

ဘရာဇီးဘောလုံးလောကအကြောင်း အမြဲတမ်းမေးဖြစ်တယ်လို့ ရော်နယ်ဒိုရဲ့အသင်းဖော် ထုတ်ဖော်ပြောကြား

အယ်လ်နာဆာအသင်းစတား အန်ဂျယ်လိုကတော့ ရော်နယ်ဒိုဟာ ဘရာဇီးဘောလုံးလောကအကြောင်း အမြဲတမ်းမေးဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အန်ဂျယ်လိုက ရော်နယ်ဒိုတစ်ယောက် ဘရာဇီးလိဂ်ကိုပြောင်းချင်နေပြီး ဖလာမင်ဂို ၊ ဆန်းတို့စ် ၊ ကိုရင်သီယန် ၊ ပါးလ်မီးရက်စ်စတဲ့အသင်း ၄ သင်းအကြောင်း အဓိကမေးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အယ်လ်နာဆာမှာဆက်မနေခင် ရော်နယ်ဒိုဟာ ဘိုတာဖိုဂိုအသင်းထံပြောင်းရွှေ့ဖို့ ချိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
စီရော်နယ်ဒို နဲ့ အမ်ဘာပေ

စီရော်နယ်ဒိုလိုပဲ ဘာနေဗျူးမှာ ဂန္တဝင်မြောက်စွာဖြတ်သန်းပြဦးမဲ့ တိုက်စစ်မှူးလို့ ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ

စီရော်နယ်ဒိုရဲ့သွင်းဂိုးစံချိန်ကို လိုက်မီနိုင်ပြီးနောက် အမ်ဘာပေဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ဂန္တဝင်မြောက်မှုကို ထပ်မံတုပနိုင်ဦးမဲ့ကစားသမားလို့ အန်ဆယ်လော့တီ ယုံကြည်နေပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ xda77

ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့အတွက် အဓိကလွှမ်းမိုးခဲ့တဲ့အချက်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ အမ်ဘာပေ

သတင်းမီဒီယာတစ်ခုနဲ့ ပထမဆုံးအကြိမ် အင်တာဗျူးအစီအစဉ်အတွင်း အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကစားသမားဘဝပွဲဦးထွက်ဘောလုံးရာသီအကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်ကာ အမ်ဘာပေရဲ့ခြေစွမ်းက အကောင်းမွန်ဆုံးအဆင့်အတန်းထိ ရောက်ရှိလာပြီး လာလီဂါသွင်းဂိုး ၂၂ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်