ဒေးဗစ်ဘက်ခမ်း

အင်္ဂလန်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဘက်ခမ်း

အင်တာမီယာမီအသင်းရဲ့တွဲဖက်ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့အိပ်မက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်းဟာ ဘောလုံးကစားသမားဘဝမှအနားယူခဲ့ပြီးကတည်းက နည်းပြလောကထဲသို့ဝင်ရောက်ခဲ့သူမဟုတ်ပေမဲ့ အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့တော့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် သူက အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဂါရတ်ဆောက်ဂိတ်ရဲ့ အသင်းအပေါ်ချဉ်းကပ်မှုနဲ့ လူငယ်တွေမွေးထုတ်ပေးနိုင်ခဲ့တဲ့အ‌ပေါ် ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

အပြည့်အစုံဖတ်ရန်
ဘင်ဝိုက်အား ထပ်မံရွေးချယ်ခြင်းမရှိတဲ့ သောမက်စ် တူချယ်လ်

ဘင်ဝိုက်အား ထပ်မံရွေးချယ်ခြင်းမရှိတဲ့ အကြောင်းအရင်းကိုရှင်းပြလိုက်တဲ့ သောမက်စ် တူချယ်လ်

ဘင်ဝိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ကာတာရှိ အင်္ဂလန်အသင်းရဲစခန်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်းမှစ၍ လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခြင်း မရှိတော့တာဖြစ်ပါတယ်။ မန်နေဂျာ ဂါရက်ဆောက်ဂိတ်ကလည်း သူ့ကို ပြန်လည်ခေါ်ယူရန် မေးမြန်းသောအခါ ဘင်ဝိုက်က လက်ရွေးစင်ဖြစ်လိုကြောင်း ပြောကြားထားတယ်လို့ ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်