ရီးရဲလ်စတား ဂွန်ကာလိုဂါစီယာ

စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ရီးရဲလ်စတား ဂွန်ကာလိုဂါစီယာ

သတင်းတွေအရ ရီးရဲလ်အသင်းစတား ဂွန်ကာလိုဂါစီယာတစ်ယောက် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီး လာမဲ့ရာသီသစ်မှာ စီနီယာကစားသမားအဖြစ် မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဂွန်ကာလိုကိုယ်တိုင်ကလည်း လာမဲ့ရာသီ ရီးရဲလ်မှာဆက်နေဖွယ်ရှိနေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖွယ်ရှိနေပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ ဂါစီယာတစ်ယောက် ဥရောပအသင်းတော်တော်များများဆီက ကမ်းလှမ်းမှုကို ပယ်ချထားပြီး အလွန်ဆိုလက်အောက်မှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်