ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြ

ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြတယ်လို့ ဂွါဒီယိုလာပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်အသင်းတော်တော်များများဟာ စတုတ်စီးတီးလမ်းစဉ်ကို လိုက်လာကြပြီး တိုနီပူးလစ်ရဲ့နည်းစနစ်အဟောင်းကို အသုံးပြုလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။ စပိန်သားက ပရီးမီးယားလိဂ်အသင်းတွေဟာ ပူးလစ်ရဲ့နည်းစနစ်ကို ချစ်မြတ်နိုးလာပြီး စကေးလ် နဲ့ ဘောလုံးပိုင်ဆိုင်မှုထက် လက်ပစ်ဘော နဲ့ တည်ကန်ဘောတွေကို အားထားလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
၂၀၃၅ ခုနှစ်အထိ နည်းပြလုပ်နေဦးမဲ့ ပက်ဂွါဒီယိုလာ

၂၀၃၅ ခုနှစ်အထိ နည်းပြလုပ်နေဦးမဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ၂၀၃၅ ခုနှစ်မတိုင်ခင်အထိ နည်းပြအလုပ်ကနေ အနားယူမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ မန်စီးတီးအသင်းရဲ့ လေ့လာသုံးသပ်သူဟောင်း ကာလီပလန်ချတ်က နည်းပြအနေနဲ့ အနားယူသင့်တယ်လို့ အကြံပြုခဲ့တဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အီတီဟတ်မှာ ၉ ရာသီကြာနည်းပြလုပ်ကိုင်နေတဲ့ ပက်ဂွါဒီယိုလာက အသင်းကိုခေတ်သစ်ဆီသို့ ဦးဆောင်နိုင်ဖို့အတွက် စိတ်အားထက်သန်မှုတွေရှိနေသေးတယ်လို့ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်စတား ဟာဂျယ်ဆန်

အယ်လ်ကလက်ဆီကိုပွဲကို လွဲချော်နိုင်ချေများနေတဲ့ ရီးရဲလ်စတား ဟာဂျယ်ဆန်

သတင်းတွေအရ ရီးရဲလ်အသင်းနောက်ခံလူ ဟာဂျယ်ဆန်တစ်ယောက် လာမဲ့အယ်လ်ကလက်ဆီပွဲကို လွဲချော်နိုင်ချေများနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ လုပ်ဆောင်နေရပါတယ်။ အဓိကနောက်ခံလူတွေဖြစ်တဲ့ ကာဗာဂျယ် နဲ့ အာနိုးလ်တို့ဒဏ်ရာရနေချိန်မှာ အခုဟာဂျယ်ဆန်ပါထပ်မံဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်အတွက် ခက်ခဲတော့မှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယာမယ်လ်ကို ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ပြိုင်ဘက် ယာမယ်လ်ကို မီဒီယာဝေဖန်မှုတွေကနေ ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေက ပြိုင်ဘက် ဘာစီလိုနာကစားသမား လမိုင်းယာမယ်လ်အတွက် ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျော်ဒီအယ်လ်ဘာရဲ့ ကစားသမားဘဝအနားယူမှု

“ဂျော်ဒီအယ်လ်ဘာ”ရဲ့အံ့အားသင့်ဖွယ်ကစားသမားဘဝအနားယူမှုကို မှတ်ချက်ပေးပြောကြားလာတဲ့ မက်ဆီ

ဂျော်ဒီအယ်လ်ဘာရဲ့ အံ့အားသင့်ဖွယ်ကစားသမားဘဝအနားယူမှုအပြီး မက်ဆီက စပိန်သားနဲ့ တွဲဖက်ကစားဖို့ မဖြစ်နိုင်တော့တဲ့ အနာဂတ်ကို ကြမ်းတမ်းလွန်းတယ်လို့ ဖွင့်ဟပြောဆိုရင်း ကာလရှည်အသင်းဖော်ဆီ စိတ်လှုပ်ရှားစရာသတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပီဒရီက ဘာစီလိုနာရဲ့ကစားကွက်မှာ အရေးပါ

ပီဒရီက ဘာစီလိုနာရဲ့ကစားကွက်မှာ ဘယ်လောက်အထိအရေးပါသလဲရှင်းပြလာတဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ကွင်းလယ်ကြယ်ပွင့် ပီဒရီဟာ အသင်းရဲ့ကစားကွက်မှာ အလွန်အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ရှင်းပြလာခဲ့ပြီး စပိန်သားရဲ့ခြေစွမ်းဟာ တစ်ပွဲပြီးတစ်ပွဲ ပိုမိုကောင်းမွန်လာတယ်လို့ ချီးကျူးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘောလွန်းဒီအော်ဆုကို ဒမ်ဘီလီဆွတ်ခူး

လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ယခုနှစ်ဘောလွန်းဒီအော်ဆုကို ဒမ်ဘီလီဆွတ်ခူး

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဆုပေးပွဲကို တနင်္လာနေ့ညက ပဲရစ်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို ဆွတ်ခူးအောင်မြင်ခဲ့တာကြောင့် ဒီဆုနဲ့ထိုက်တန်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယာမဲလ်ဘက်ကနေ ကာကွယ်ပြောကြားလိုက်တဲ့ နည်းပြ ဒီလာဖွန်တီ

စပိန်သားဘက်ကနေ ကာကွယ်ပြောကြားလိုက်တဲ့ နည်းပြ ဒီလာဖွန်တီ

စပိန်အသင်းနည်းပြ ဒီလာဖွန်တီကတော့ ဘာစီလိုနာစတား ယာမဲလ်ရဲ့သွင်းဂိုးအောင်ပွဲခံမှု ၊ မွေးနေ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်ကြယ်ပွင့်တွေကို စိတ်ကြီးမဝင်ကြဖို့ သတိပေးလိုက်တဲ့ အာတီတာ

အိုးထရက်ဖို့ဒ်နိုင်ပွဲအပြီး အာဆင်နယ်ကြယ်ပွင့်တွေကို စိတ်ကြီးမဝင်ကြဖို့ သတိပေးလိုက်တဲ့ အာတီတာ

၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အပေါ် ၁-၀ ဂိုးဖြင့် အနိုင်ယူနိုင်မဲ့အခွင့်အရေးကို အာဆင်နယ်နည်းပြအာတီတာ လက်လွှတ်မခံခဲ့ပါဘူး။ အခုရလဒ်ကိုပိုင်ဆိုင်နိုင်ဖို့ ဂန်းနားတွေအတွက် အိုးထရက်ဖို့ဒ်ကွင်းနောက်ဆုံးမိနစ်တွေမှာ ဂိုးသမားရာယာရဲ့အံ့မခန်းလက်စွမ်းနဲ့အတူ ခံစစ်ကို နက်နက်ရှိုင်းရှိုင်းပိတ်ဆို့ကစားရန် လိုအပ်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လိဂ်ဖလားပွဲစဉ်ကို မက်ဆီလွဲချော်သွားမယ်

ပူးမက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားပွဲစဉ်ကို မက်ဆီလွဲချော်သွားမယ်လို့ မာရှေယာနို အတည်ပြု

အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဒဏ်ရာပြဿနာ မသက်သာသေးတာကြောင့် ပူးမက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားပွဲစဉ်ကို လွဲချော်သွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်