ဂျူဗင်တပ်စ်အသင်း ဘတ်စ်ကား ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရ
ယမန်နေ့(တနင်္ဂနွေနေ့)၊ နာပိုလီနဲ့ရင်ဆိုင်ရမဲ့ စီးရီးအေအရေးကြီးပွဲစဉ်အတွက် မာရာဒိုနာကွင်းကြီးဆီသို့ ချဉ်းကပ်လာချိန် ဂျူဗင်တပ်စ်အသင်းဘတ်စ်ကားကို ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ အခုပွဲစဉ်က ဂျူဗင်တပ်စ်နည်းပြစပယ်လက်တီအတွက် နှစ်နှစ်တာကာလအပြီး ကလပ်အသင်းဟောင်းဆီသို့ တကျော့ပြန်ရောက်ရှိလာတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။

