ဝုပ်ကိုသရေကျပြီးနောက် အာမိုရင်ရဲ့နည်းဗျူဟာတွေကို ဂယ်ရီနဗီးလ် ဝေဖန်
ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဝုဗ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၁-၁ နဲ့သရေကျခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က နည်းပြရူဘင်အာမိုရင်ရဲ့နည်းစနစ်တွေကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

