
တူရကီသို့ရောက်ရှိနေပြီဖြစ်တဲ့ ယူနိုက်တက်ကြယ်ပွင့် အိုနာနာ
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ထရက်ဘ်ဇွန်စပေါအတွက် တစ်ရာသီအငှားနဲ့ကစားပေးဖို့ ယခုအခါမှာတော့ တူရကီမြေသို့ရောက်ရှိနေပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ထရက်ဘ်ဇွန်စပေါအတွက် တစ်ရာသီအငှားနဲ့ကစားပေးဖို့ ယခုအခါမှာတော့ တူရကီမြေသို့ရောက်ရှိနေပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဂိုးသမားနေရာအတွက် ဘာစီလိုနာအသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ တာစတီဂျန်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ အီဒါဆန်ရဲ့အနာဂတ်က မသေချာသေးပဲ တူရကီ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ အသက် ၃၁ နှစ်သားအနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် ဂွါဒီယိုလာက ဂိုးသမားနေရာကို အစားထိုးဖို့ ပြင်ဆင်နေပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေး အာဒါဂူလာဟာ လက်ရှိအချိန်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပေမဲ့ အနာဂတ်မှာတော့ အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဖီနာဘာချီနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တူရကီဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် မှတ်ချက်ပေးခဲ့တာကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူခြင်းကို ခံခဲ့ရပြီး ၄ ပွဲပယ်ပြစ်ဒဏ်ကျခံသွားရမယ်လို့ သိရပါတယ်။