
ယူနိုက်တက်ကနေ ထွက်ခွာဖို့အဆင်သင့်ရှိနေပေမဲ့ ထုတ်ပယ်ခံရဖို့အလားအလာမရှိတဲ့ အာမိုရင်
ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေ လျော်ကြေးမတောင်းဘဲ ထွက်ခွာဖို့အဆင်သင့်ရှိနေကြောင်း ပြောကြားလာခဲ့ပေမဲ့ ယူနိုက်တက်ဘက်ကတော့ ပေါ်တူဂီသားကို ရာထူးမှာပုံမှန်အတိုင်းပဲ ဆက်လက်ခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။