
ရော်နယ်ဒိုက ပေါ်တူဂီအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်တယ်လို့ မာတီနက်ဇ် အခိုင်အမာဆို
ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေဆဲဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ကာ လက်ရွေးစင်အသင်းအတွက် သူ့ရဲ့အရေးပါမှုကို ထပ်မံသက်သေပြသနိုင်ခဲ့ပါတယ်။