မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့တဲ့ ဟာလန်း

ဒေါ့မွန်ကိုဂိုးသွင်းပြီး ချန်ပီယံလိဂ်သမိုင်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်းဒေါ့မွန်ဘက်ကို ဂိုးသွင်းယူပြီးနောက် ပြိုင်ပွဲရဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ အဆိုပါပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးရယူနိုင်ခဲ့တဲ့ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မတူညီတဲ့အသင်း ၃ သင်းနဲ့ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ပေါင် ၁၆၀,၀၀၀ တန် Porsche တစ်စီးအပါအဝင် အမိုက်စားကားတွေကို ပိုင်ဆိုင်ထားတဲ့ ဟာလန်း

ပေါင် ၁၆၀,၀၀၀ တန် Porsche တစ်စီးအပါအဝင် အမိုက်စားကားတွေကို ပိုင်ဆိုင်ထားတဲ့ ဟာလန်း

မန်စီးတီးကြယ်ပွင့်ဟာလန်းက နှစ်အနည်းငယ်အတွင်း အံ့အားသင့်လောက်စရာ မော်တော်ကားများစွာကို ဝယ်ယူစုဆောင်းခဲ့ပါတယ်။ လတ်တလောမှာ အသက်-၂၄ နှစ်အရွယ် နော်ဝေကြယ်ပွင့်က အီတီဟတ်ကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားပြီး သီတင်းတစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ အထိ ရရှိသွားပါလိမ့်မယ်။ ဒီလိုလုပ်ခလစာနှုန်းထားမျိုးက မန်စီးတီးဂိုးသွင်းစက်ကို အဆင့်အတန်းမြင့်မြင့်လူနေမှုဘဝမှာ နေထိုင်နိုင်ဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။

အပြည့်အစုံဖတ်ရန်