ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံး အသင်းလို့ မော်ရင်ဟို အခိုင်အမာဆို

ပထမဆုံးကိုင်တွယ်တဲ့ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံး အသင်းလို့ မော်ရင်ဟို အခိုင်အမာဆို

လီဗာပူးအသင်းကို ချန်ပီယံလိဂ်မှာအရေးနိမ့်ခဲ့ပေမဲ့ မိမိအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းလို့ နည်းပြဟောင်း မော်ရင်ဟိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ ဖီနာဘာချီနည်းပြက ၂၀၀၄ ကနေ ၂၀၀၆ အထိ ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ရှုံးပွဲမရှိအသင်းဖြစ်တဲ့ ၂၀၀၃ – ၀၄ အသင်းထက်တောင် ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

ဂျိုကာရက်စ်ကို စင်္ကာပူသို့ရောက်ရှိနေတဲ့ အသင်းလူစာရင်းနဲ့ တစ်ခါတည်းပူးပေါင်းခိုင်းသွားမဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ပြီးတာနဲ့တစ်ပြိုင်နက် စင်္ကာပူသို့ရာသီကြိုခရီးစဉ်ထွက်ခွာသွားတဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းပူးပေါင်းခိုင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနောက်ခံလူ 'ကူကူ ရယ်လာ'

ဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးနောက်ခံလူ ‘ကူကူ ရယ်လာ’

ချဲလ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားအောင်ပွဲခံမှုအခမ်းအနားအတွင်း ဆုဖလားကိုင်မြှောက်အောင်ပွဲခံချိန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြောင့် အတော်လေးထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်လို့ ကူကူရယ်လာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်မီလီယာနိုမာတီနက်ဇ်

မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ ယူနိုက်တက်ကို အက်စတွန်ဗီလာ ငြင်းပယ်

အက်စတွန်ဗီလာဟာ အသင်းရဲ့ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ကမ်းလှမ်းလာခဲ့တဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာ ဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အိုနာနာဟာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် လာမဲ့ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဖာဒီနန်

ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ဆိုလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဘာစီလိုနာသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတော့မဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ရာဖင်ဟာ၊ လာမိုင်းယာမယ်လ်၊ ရောဘတ်လီဝန်ဒေါစကီးတို့နဲ့ နေရာရဖို့တိုက်ပွဲဝင်သွားရဖွယ်ရှိပေမဲ့ လာလီဂါချန်ပီယံတွေအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗီလာဂိုးသမား မာတီနက်ဇ်

အိုနာနာဒဏ်ရာရပြီးနောက် ဂိုးသမားသစ်ရှာဖွေလာတဲ့ ယူနိုက်တက်

ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာစတား တာစတီဂျန်

ဘာစီလိုနာဂိုးသမား ‘တာစတီဂျန်’ကို ပစ်မှတ်ထားလာတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဂိုးသမားနေရာအတွက် ဘာစီလိုနာအသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ တာစတီဂျန်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ အီဒါဆန်ရဲ့အနာဂတ်က မသေချာသေးပဲ တူရကီ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ အသက် ၃၁ နှစ်သားအနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် ဂွါဒီယိုလာက ဂိုးသမားနေရာကို အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

အပြည့်အစုံဖတ်ရန်
တော့ဒ်ဘိုလေ

ချဲလ်ဆီးရဲ့အိပ်မက်ဆန်ဆန် ကလပ်ကမ္ဘာ့ဖလားအောင်ပွဲအတွက် သုံးသပ်ချက်ပေးလာတဲ့ ‘တော့ဒ်ဘိုလေ’

ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေက နယူးဂျာစီ၊ ဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာတဲ့ သူ့အသင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်က၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ချဲလ်ဆီးအသင်းအတွက် ဒုတိယမြောက်ဆုဖလားရရှိခဲ့လို့ အလွန်ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ ဘိုလေက အပြာရောင်ကြယ်ပွင့်တွေကို ချီးကျူးဂုဏ်ပြုခဲ့သလို အန်ဇိုမာရက်စ်ကာနဲ့ပတ်သက်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဒရေအိုနာနာ

ဒဏ်ရာပြဿနာကြောင့် ရာသီကြိုလူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်

ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာတဲ့ စပို့တင်းစတား

အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကတော့ ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ အာဆင်နယ် နဲ့ ယိုကရက်စ်တို့ကြားအပြောင်းအရွှေ့ဇာတ်လမ်းက သတင်းခေါင်းစဉ်အဖြစ် နေရာယူနေဆဲဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်