မာရှေယာနို

ဥရောပချန်ပီယံ ပီအက်စ်ဂျီကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း မာရှေယာနိုပြော

အင်တာမီယာမီဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပါမီးရက်စ်နဲ့ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုးပြတ်ဦးဆောင်ထားရာမှာ ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် သရေ ၁ မှတ်သာရရှိပြီး အုပ်စုဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် မီယာမီဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီနဲ့တွေ့ဆုံသွားတော့မှာဖြစ်ပေမဲ့ မာရှေယာနိုက သူ့ရဲ့အသင်းဟာ ဥရောပချန်ပီယံအသင်းနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရာဇီးဘောလုံးလောကအကြောင်း အမြဲတမ်းမေးဖြစ်တဲ့ ရော်နယ်ဒို

ဘရာဇီးဘောလုံးလောကအကြောင်း အမြဲတမ်းမေးဖြစ်တယ်လို့ ရော်နယ်ဒိုရဲ့အသင်းဖော် ထုတ်ဖော်ပြောကြား

အယ်လ်နာဆာအသင်းစတား အန်ဂျယ်လိုကတော့ ရော်နယ်ဒိုဟာ ဘရာဇီးဘောလုံးလောကအကြောင်း အမြဲတမ်းမေးဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အန်ဂျယ်လိုက ရော်နယ်ဒိုတစ်ယောက် ဘရာဇီးလိဂ်ကိုပြောင်းချင်နေပြီး ဖလာမင်ဂို ၊ ဆန်းတို့စ် ၊ ကိုရင်သီယန် ၊ ပါးလ်မီးရက်စ်စတဲ့အသင်း ၄ သင်းအကြောင်း အဓိကမေးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အယ်လ်နာဆာမှာဆက်မနေခင် ရော်နယ်ဒိုဟာ ဘိုတာဖိုဂိုအသင်းထံပြောင်းရွှေ့ဖို့ ချိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်