ဘရူနိုဖာနန်ဒက်စ်

ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ အထိပေးချေသွားမဲ့ အယ်လ်ဟီလယ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေပြီး ယခုအခါမှာ ကစားသမားရဲ့ပြောင်းရွှေ့ကြေးအနေနဲ့ ယူနိုက်တက်ထံ ပေါင်သန်း ၁၀၀ အထိပေးချေဖို့အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။ 

အပြည့်အစုံဖတ်ရန်
မော်ရင်ဟို

ချန်ပီယံလိဂ်ဆုဖလားအောင်ပွဲရရှိရေးအတွက် အသင်းဟောင်းအင်တာမီလန်ကို အားပေးနေတဲ့ မော်ရင်ဟို

မော်ရင်ဟိုက အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ဖို့ အလိုရှိပေမဲ့ ဖလားသုံးလုံးချန်ပီယံမဖြစ်လာခြင်းအတွက် ဝမ်းသာမိတယ်လို့ အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်က မေ ၃၁ ရက်၊ အလိုင်းယန့်ဇ်အရီနာကွင်းမှာ ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရပါမယ်။ ဒါက နာပိုလီကို တစ်မှတ်အကွာဖြင့် စီးရီးအေချန်ပီယံဆုအတွက် နောက်ကောက်ကျခဲ့တဲ့ အင်တာမီလန်အတွက် အခုဘောလုံးရာသီ၊ ဆုဖလားရရှိနိုင်မဲ့ နောက်ထပ်အခွင့်အရေးလည်း ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်

ယူနိုက်တက်ကနေ ထွက်ခွာဖို့အဆင်သင့်ရှိနေပေမဲ့ ထုတ်ပယ်ခံရဖို့အလားအလာမရှိတဲ့ အာမိုရင်

ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေ လျော်ကြေးမတောင်းဘဲ ထွက်ခွာဖို့အဆင်သင့်ရှိနေကြောင်း ပြောကြားလာခဲ့ပေမဲ့ ယူနိုက်တက်ဘက်ကတော့ ပေါ်တူဂီသားကို ရာထူးမှာပုံမှန်အတိုင်းပဲ ဆက်လက်ခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်

ယူနိုက်တက်မှ အထုတ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို အာမိုရင်ပြန်လည်တုံ့ပြန်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်ခဲ့ပါက အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ လာမဲ့ကြာသပတေးနေ့နံနက်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမှုကို အဆိုပါဆုဖလားနဲ့ ပြန်လည်ချေဖျက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။

အပြည့်အစုံဖတ်ရန်
ဘရူနိုဖာနန်ဒက်စ်

ယူရိုပါလိဂ်အတွက်ပဲ အာရုံစိုက်နေလို့မရကြောင်း ဝန်ခံပြောကြားလာတဲ့ ဖာနန်ဒက်စ်

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၀-၂ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ ယူရိုပါလိဂ်အတွက်ပဲ အာရုံစိုက်နေလို့မရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ရဲ့ကစားသမား ၃ ယောက်ကို အာမိုရင်ချီးကျူး

လိုင်ယွန်နဲ့သရေကျပြီးနောက် ယူနိုက်တက်ရဲ့ကစားသမား ၃ ယောက်ကို အာမိုရင်ချီးကျူး

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လိုင်ယွန်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမား ၃ ဦးကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒီဘရိုင်းက ယူနိုက်တက်ကစားသမားဖြစ်ခဲ့သင့်တယ်လို့ အာမိုရင်ပြောကြား

ဒီဘရိုင်းက ယူနိုက်တက်ကစားသမားဖြစ်ခဲ့သင့်တယ်လို့ အာမိုရင်ပြောကြား

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က မန်ချက်စတာစီးတီးကနေ ရာသီကုန်မှာ ထွက်ခွာတော့မဲ့ ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ဘယ်လ်ဂျီယံသားဟာ ယူနိုက်တက်ကစားသမားဖြစ်ခဲ့သင့်တယ်လို့ ပြက်လုံးထုတ်ပြောကြားလာခဲ့ပါတယ်။ 

အပြည့်အစုံဖတ်ရန်
စီရော်နယ်ဒို နဲ့ အမ်ဘာပေ

စီရော်နယ်ဒိုလိုပဲ ဘာနေဗျူးမှာ ဂန္တဝင်မြောက်စွာဖြတ်သန်းပြဦးမဲ့ တိုက်စစ်မှူးလို့ ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ

စီရော်နယ်ဒိုရဲ့သွင်းဂိုးစံချိန်ကို လိုက်မီနိုင်ပြီးနောက် အမ်ဘာပေဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ဂန္တဝင်မြောက်မှုကို ထပ်မံတုပနိုင်ဦးမဲ့ကစားသမားလို့ အန်ဆယ်လော့တီ ယုံကြည်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ရော်နယ်ဒို

အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ပတ်သက်ပြီး သူ့ရဲ့ယုံကြည်မှုကို ပြောကြားလာတဲ့ ဆာဟာ

ယူနိုက်တက်စတားဟောင်း လူးဝစ်ဆာဟာက ရော်နယ်ဒိုဟာ ပေါ်တူဂီရဲ့ဂန္ထဝင်တစ်ဦးဖြစ်နေဆဲဖြစ်ပြီး လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ခြိမ်းခြောက်နိုင်မှာဖြစ်ပြီး အသက် ၂၀ အရွယ်တုန်းကနဲ့အတူတူပဲလို့ ထောက်ခံပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟွိုက်လန်းအား အပြစ်တင်ခြင်းမရှိတဲ့ ရော်နယ်ဒို

သူ့ရဲ့အောင်ပွဲခံပုံစံကို အတုခိုးခဲ့တဲ့ဟွိုက်လန်းအား အပြစ်တင်ခြင်းမရှိတဲ့ ရော်နယ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက ဒိန်းမတ်ကိုရှုံးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းဟာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပေမဲ့ အပြစ်တင်ခြင်းမရှိဘဲ ဝမ်းသာတယ်လို့ ဆိုပါတယ်။ 

အပြည့်အစုံဖတ်ရန်