ကလပ်သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ဖီဖာကလပ်တိုက်ကြီးများဖလားကိုဆွတ်ခူးပြီး ကလပ်သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ဗုဒ္ဓဟူးနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ဖီဖာကလပ်တိုက်ကြီးများဖလားပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ဘရာဇီးကလပ် ဖလာမင်ဂိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကာ ဆုဖလားဆွတ်ခူးပြီးနောက် ကလပ်ရဲ့ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ ကာတာနိုင်ငံ အာမက်ဘင်အာလီအားကစားကွင်းကြီးထဲမှာယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျနေရာမှ အချိန်ပိုယှဉ်ပြိုင်ခဲ့ရာမှာလည်း အနိုင်အရှုံးမပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်