
လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ယခုနှစ်ဘောလွန်းဒီအော်ဆုကို ဒမ်ဘီလီဆွတ်ခူး
ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဆုပေးပွဲကို တနင်္လာနေ့ညက ပဲရစ်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို ဆွတ်ခူးအောင်မြင်ခဲ့တာကြောင့် ဒီဆုနဲ့ထိုက်တန်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။