အမ်ဘွေမို-ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှု

အမ်ဘွေမိုကို ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှုအဖြစ် ရွန်းနီ ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး ဂိုးတွေဆက်တိုက်သွင်းယူလာနိုင်တဲ့ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုဟာ နွေရာသီကစားသမားခေါ်ယူမှုတွေအနက် အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေကို ပြောကြားလာတဲ့ ဖာနန်ဒက်စ်

ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေကို အသေးစိတ် ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ လာမဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားပါက ယူနိုက်တက်ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်မြောက်မှာဖြစ်ပြီး ပေါ်တူဂီသားဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်နောက်ပိုင်း အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ သတ်မှတ်ခံထားရကာ သွင်းဂိုး ၁၀၀ လည်းပြည့်မြောက်ထားသူလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အမ်မိုရင်

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်ထက် လက်ဦးမှုရယူကာ ကစားသမားတစ်ဦးကို ခေါ်ယူပေးဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အမ်မိုရင်

ရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေကြောင့် လိဂ်တူးအဆင့် ကလပ် ဂရင်းဘီတောင်း ကို လိဂ်ဖလား မှာ ရှုံးနိမ့်ခဲ့တဲ့ ရှက်စရာပွဲပါ အပါအဝင် အခြေအနေတွေကြောင့် နည်းပြ ရူဘင်အမ်မိုရင်ရဲ့ ယူနိုက်တက်နည်းပြ ရာထူး အနာဂတ်အတွက် ထင်ကြေးပေးမှုတွေ မြင့်တက်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးစတား 'ကိုဝဲလ်'

ကစားသမားသစ်တွေအပေါ် အများကြီးမျှော်လင့်ထားတဲ့ ချဲလ်ဆီးစတား ‘ကိုဝဲလ်’

ချဲလ်ဆီးစတား ကိုဝဲလ်က အသင်းကစားသမားသစ် ၂ ဦးဖြစ်တဲ့ ဒီလပ် နဲ့ ပက်ဒရိုတို့အပေါ် အများကြီးမျှော်လင့်ထားမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ ပက်ဒရိုကို မခေါ်ယူနိုင်ခင်မှာ အစ်ဝှစ်စတား ဒီလပ်ကိုခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုဝဲလ်က ချဲလ်ဆီးအသင်းနဲ့အတူ အမေရိကမြေမှာ ကလပ်ကမ္ဘာ့ဖလားပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်။ အဆိုပါကလပ်ကမ္ဘာ့ဖလား ၄ ပွဲမှာ ကိုဝဲလ်က ၃ ပွဲကို ပါဝင်ခွင့်ရရှိထားကာ ချဲလ်ဆီးအသင်းလူစာရင်းမှာ လူငယ်ကစားသမားတွေများလာတဲ့အပေါ် မျှော်လင့်ချက်ကြီးမားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မဲ့ ဘရိုက်တန်စတား

သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မဲ့ ဘရိုက်တန်စတား

သတင်းတွေအရ ဘရိုက်တန်စတား ပက်ဒရိုတစ်ယောက် မကြာခင်မှာအသင်းသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။ ဘရိုက်တန်ဘက်က ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်ထားပြီး ချဲလ်ဆီးဘက်က ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဂစ်တန်ကိုချိတ်ဆက်ခဲ့ပြီးနောက် ဘရာဇီးသားဟာ ချဲလ်ဆီးရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုက်တန်၊ လီဗာပူး

ပရီးမီးယားလိဂ်ချန်ပီယံတွေကို နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့တဲ့ ဘရိုက်တန်

ဘရိုက်တန် ၃-၂ လီဗာပူး (ပွဲပြီးရလဒ်) ရလဒ်ပိုင်းအရ သိပ်အရေးမပါတော့ပေမဲ့ ဘရိုက်တန်ရော၊ လီဗာပူးပါ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြလို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပွဲကြီးပွဲကောင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်