မာရှေယာနို

ဥရောပချန်ပီယံ ပီအက်စ်ဂျီကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း မာရှေယာနိုပြော

အင်တာမီယာမီဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပါမီးရက်စ်နဲ့ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုးပြတ်ဦးဆောင်ထားရာမှာ ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် သရေ ၁ မှတ်သာရရှိပြီး အုပ်စုဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် မီယာမီဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီနဲ့တွေ့ဆုံသွားတော့မှာဖြစ်ပေမဲ့ မာရှေယာနိုက သူ့ရဲ့အသင်းဟာ ဥရောပချန်ပီယံအသင်းနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီ နှင့် ရိုနယ်ဒို

ရော်နယ်ဒိုနဲ့သူနဲ့ကြားက ဆက်ဆံရေးအခြေအနေကို ပြောပြလာတဲ့ မက်ဆီ

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက သူနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေဟာ သာမန်သာဖြစ်ကြောင်းနဲ့ ရင်းနှီးတွေမိတ်ဆွေတွေမဟုတ်ကြောင်း ပြောပြလာခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ၂ ပွင့်ဟာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပေမဲ့ တစ်ဦးနဲ့တစ်ဦး ရန်ငြှိုးထားတာမျိုးမရှိခဲ့ဘဲ အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ကစားခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ကာလရှည် အပြိုင်လုခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
လာမိုင်းယာမယ်လ်နဲ့ အူစမန်ဒမ်ဘီလီ

၂၀၂၅ ဘောလွန်းဒီအော်ကို ဘယ်သူရမယ်ဆိုတာ ခန့်မှန်းလိုက်တဲ့ ပီကေး

ဘာစီလိုနာ ဂန္ထဝင်နောက်ခံလူ ဂျာရတ်ပီကေးက ၂၀၂၅ ဘောလွန်းဒီအော်ဆုကို လာမိုင်းယာမယ်လ်နဲ့ အူစမန်ဒမ်ဘီလီတို့အကြား ဘယ်ကစားသမားရမယ်ဆိုတာ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ၉ ကြိမ်၊ ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၃ ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ဖူးတဲ့ ပီကေးဟာ ၂၀၂၂ နိုဝင်ဘာလမှာ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အူစမန် ဒမ်ဘီလီ

ပီအက်စ်ဂျီ စူပါစတားနှင့်ပတ်သက်တဲ့ အမှားတွေကို ပြောကြားလိုက်တဲ့ ဘာစီလိုနာအကြီးအကဲဟောင်း

ဘာစီလိုနာ အကြီးအကဲဟောင်းတစ်ဦးက အူစမန် ဒမ်ဘီလီ ဘာစီလိုနာတွင် မအောင်မြင်ရခြင်း အကြောင်းရင်းများနှင့် ပီအက်စ်ဂျီ ကြယ်ပွင့်အတွက် ဘာတွေပြောင်းလဲသွားလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် ဒေါ့မွန် မှ ဘာစီလိုနာသို့ ခေါ်ယူရာတွင် အဓိကကူညီပေးခဲ့သော အားကစားဒါရိုက်တာဟောင်း ရောဘတ် ဖာနန်ဒက်စ် က ဘာစီလိုနာဟာ ပြင်သစ်လူမျိုးကိုကိုင်တွယ်ရာတွင် အမှားများစွာလုပ်ခဲ့ကြောင်း မကြာသေးမီက ဝန်ခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရက်ရှ်ဖို့ဒ်

ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ချိတ်ဆက်နေတဲ့အပေါ် တုံ့ပြန်လာတဲ့ ယူနိုက်တက်

စပိန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို အခုနွေရာသီမှာ အငှားနဲ့ခေါ်ယူမဲ့အခြေအနေကို ငြင်းဆန်မှာဖြစ်တယ်လို့ သိရပါတယ်။ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ အာမိုရင်နဲ့ အဆင်မပြေတာကြောင့် ဒုတိယရာသီဝက်မှာ ဗီလာအသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်ကြယ်ပွင့် မာတီနယ်လီ

အာဆင်နယ်ရဲ့အဓိကကြယ်ပွင့်ကို အံ့အားသင့်ဖွယ် ခေါ်ယူရန် စဉ်းစားနေတဲ့ ဘာစီလိုနာ

အသက် ၂၃ နှစ်အရွယ် ဘရာဇီးကစားသမား မာတီနယ်လီ ဟာ အမ်မရိတ်စ်တွင် ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်း အာဆင်နယ်ရဲ့ အရေးကြီးဆုံး တိုက်စစ်ကြယ်ပွင့်များထဲမှ တစ်ဦးဖြစ်ခဲ့သော်လည်း ၂၀၂၄-၂၅ ရာသီတွင် ခြေစွမ်းမတည်ငြိမ်မှုများစွာ ရှိခဲ့ပါတယ်။ မာတီနယ်လီဟာ အာဆင်နယ်အတွက် ယနေ့အထိ ၂၂၅ ပွဲတွင် ၅၁ ဂိုးသွင်းယူကာ ၂၉ ဂိုး ဖန်တီးပေးထားပြီး အာဆင်နယ် ပရိသတ်များစွာ ကြားတွင် ရေပန်းစားနေဆဲဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယာမဲလ်

ဆီမီးဖိုင်နယ်ကနေထွက်ခွာခဲ့ရပေမဲ့ ဘာစီလိုနာစတားတစ်ဦးကို ချီးကျူးလိုက်တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဘာစီလိုနာအသင်း ချန်ပီယံဆီမီးဖိုင်နယ်ကနေထွက်ခွာခဲ့ရပေမဲ့ လူငယ်စတားတစ်ဦးဖြစ်တဲ့ ယာမဲလ်ဟာ နှစ် ၅၀ အတွင်း အကောင်းဆုံးဆယ်ကျော်သက်ကစားသမားတစ်ဦးလို့ ချီးကျူးလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ခီလီယန်အမ်ဘာပေ

ဒဏ်ရာမှသက်သာလာတာကြောင့် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်မဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ခြေကျင်းဝတ်ဒဏ်ရာကြုံတွေ့ခဲ့ရသော်လည်း ယခုအခါမှာ သက်သာနေပြီဖြစ်တာကြောင့် အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်သွားရမဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ချေရှိတယ်လို့သိရပါတယ်။ 

အပြည့်အစုံဖတ်ရန်
လူးဝစ်ဆွာရက်ဇ်

အင်တာမိုင်ယာမီအသင်းဖော်တစ်ဦးကို ထပ်မံကိုက်ခဲ့ပြန်တဲ့ လူးဝစ်ဆွာရက်ဇ်

အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး ဆွာရက်ဇ်တစ်ယောက် နောက်ကျနိုင်ပွဲမှာ အသင်းဖော် ဂျော်ဒီအယ်လ်ဘာကို ကိုက်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာ နဲ့ လီဗာပူးစတားဟောင်းဟာ ယခင်တုန်းကတည်းက ပြိုင်ဘက်ကစားသမားတွေကို ကိုက်တတ်တဲ့အဖြစ်အပျက်တွေ ရှိခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အွန်နရီ

ဒေါ့မွန်ကိုအနိုင်ရပြီးနောက် ဘာစီလိုနာရဲ့အားနည်းချက်တစ်ခုကို ထောက်ပြလိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ချန်ပီယံလိဂ်ချန်ပီယံဆုအတွက် ဘာစီလိုနာရဲ့အားနည်းချက်တစ်ခုကို ထောက်ပြလိုက်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ ဘာစီလိုနာက ဒေါ့မွန်ကို ၄ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ လီဝန်ဒေါစကီး နဲ့ ယာမဲလ်တို့က မသွင်းယူခင်မှာ ရာဖင်ဟာက ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်