
ဒဏ်ရာပြဿနာကြောင့် ရာသီကြိုလူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ အိုနာနာ
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။
ယူနိုက်တက် ဂိုးသမားဟောင်း အက်ဒ်ဝင် ဗန်ဒါဆား က အိုနာနာ အနေနဲ့ အိုးထရက်ဖို့ဒ်တွင် အောင်မြင်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ အိုနာနာ ကို အဲရစ်တန်ဟက် က ၂၀၂၃ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး ယူနိုက်တက်တွင် ခက်ခဲသော နှစ်အနည်းငယ်ကို ကြုံတွေ့ခဲ့ရပါတယ်။ အင်္ဂလန်ရှိ သူ့ရဲ့ ၂ ရာသီက အမှားများဖြင့် ပြည့်နှက်ခဲ့ပြီး ရူဘင်အမ်မိုရင်က ယူနိုက်တက် ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ လိုင်ယွန် နှင့်ပွဲတွင် ကြီးမားသော အမှားနှစ်ခု ပြုလုပ်ပြီးနောက် ဧပြီလတွင် နယူးကာဆယ်သို့ သွားမည့် အသင်းလူစာရင်းမှ သူ့ကို ထုတ်ပယ်ခဲ့ပါတယ်။