ဂိုးသွင်းယူဖို့ပဲ အာရုံစိုက်ထားဖို့ ဟာရီကိန်းဆီ အကြံပြုလိုက်တဲ့ ဘိုင်နယ်မြူးနစ်နည်းပြဟောင်း ဖီးလစ်မာဂတ်ချ်
ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဖီးလစ်မားဂတ်ချ်က တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ ကွင်းတွင်းတာဝန်ယူမှုတွေနဲ့ပတ်သက်လို့ ဝေဖန်အကြံပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ဘိုင်ယန်မြူးနစ်က ဟမ်းဘတ်နဲ့ရင်ဆိုင်ရချိန် နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ပြီး နောက်ဆုံးလိဂ်နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။

