
ဗိုလ်လုပွဲသို့တက်ရောက်ဖို့ အာမ မခံနိုင်သေးကြောင်း အာမိုရင်ပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ ဒုတိယအကျော့ကစားဖို့ကျန်ရှိနေသေးတာကြောင့် ဗိုလ်လုပွဲသို့တက်ရောက်ပြီလို့ အာမ မခံနိုင်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။