
ချဲလ်ဆီးရဲ့အိပ်မက်ဆန်ဆန် ကလပ်ကမ္ဘာ့ဖလားအောင်ပွဲအတွက် သုံးသပ်ချက်ပေးလာတဲ့ ‘တော့ဒ်ဘိုလေ’
ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေက နယူးဂျာစီ၊ ဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာတဲ့ သူ့အသင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်က၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ချဲလ်ဆီးအသင်းအတွက် ဒုတိယမြောက်ဆုဖလားရရှိခဲ့လို့ အလွန်ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ ဘိုလေက အပြာရောင်ကြယ်ပွင့်တွေကို ချီးကျူးဂုဏ်ပြုခဲ့သလို အန်ဇိုမာရက်စ်ကာနဲ့ပတ်သက်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။