ရလဒ်ဆိုးတွေကြုံတွေ့နေရချိန် စည်းလုံးကြဖို့ အသင်းဖော်တွေကို မက်ဆီတိုက်တွန်း
အင်တာမီယာမီ စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက အသင်းအနေနဲ့ ရလဒ်ဆိုးတွေကြား ရုန်းကန်နေရချိန်မှာ စည်းစည်းလုံးလုံးရှိကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလာခဲ့ပါတယ်။
အင်တာမီယာမီ စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက အသင်းအနေနဲ့ ရလဒ်ဆိုးတွေကြား ရုန်းကန်နေရချိန်မှာ စည်းစည်းလုံးလုံးရှိကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလာခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုကတော့ မင်နီဆိုးတားယူနိုက်တက်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပေမဲ့လည်း အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ပါတယ်။ အင်တာမိုင်ယာမီအတွက် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲမြောက်အရေးနိမ့်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့ဂိုးနဲ့ ၂-၁ ပြန်လာနိုင်ခဲ့ပေမဲ့ တတိယမြောက်ဂိုးကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက မက်ဆီတစ်ယောက် နောက်ထပ်ဒဏ်ရာရနေတယ်ဆိုတဲ့ အမေရိကန်စတားဟောင်း တေလာရဲ့ပြောကြားချက်ကို တုံ့ပြန်လိုက်ပါတယ်။ ကိုလံဘက်စ်ခရူးအသင်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီအနေနဲ့ အင်တာမိုင်ယာမီအတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားပေးခဲ့ပါတယ်။
အင်တာမိုင်ယာမီစတား မက်ဆီက အသင်းဥက္ကဋ္ဌ ဘက်ခမ်းနဲ့ ဆက်ဆံရေးအခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘာစီလိုနာစတား ပီဒရီက အသင်းဖော် ယာမဲလ်ဟာ မိမိတို့အသင်းသားတွေထံ မက်ဆီလိုမျိုး တူညီတဲ့ခံစားချက်မျိုး ယူဆောင်လာတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ယာမဲလ်ဟာ ဘာစီလိုနာ နဲ့ စပိန်အသင်းမှာ တောက်ပလာနေပြီး တစ်ပတ်ပြီးတစ်ပတ် မက်ဆီ နဲ့ ခိုင်းနှိုင်းခံရမှုတွေရှိနေပါတယ်။
ပြင်သစ်အသင်းဂိုးသမားဟောင်း လိုရစ်က မက်ဆီ နဲ့ ဘာပေတို့ကို ခိုင်းနှိုင်းနေတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ လိုရစ်က မက်ဆီဟာ ပြိုင်ဘက်ကင်းတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်သလို ၂၀၂၂ တုန်းက ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့ဟာ လာမဲ့ ၂၀၂၆ ခုနှစ်အစောပိုင်း စင်္ကာပူမှာကျင်းပသွားမဲ့ အပျော်တမ်းဘောလုံးပြိုင်ပွဲသို့ တက်ရောက်သွားမယ်လို့ သိရပါတယ်။
မြောက်လန်ဒန်မှာ ၈ နှစ်တာ ဂုဏ်ယူဖွယ်ရာကာလအပြီး အာဆင်နယ်ရဲ့ စံချိန်တင်ဂိုးသွင်းရှင်နဲ့ အဲဒီအချိန်က အသင်းခေါင်းဆောင်ဟာ ပြည်ပမှာ လတ်ဆတ်တဲ့စိန်ခေါ်မှုကို ရှာဖွေပြီး သူ့ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ရောဘတ် ပီရက်စ်နဲ့ ပက်ထရစ် ဗီယာရာတို့ရဲ့လမ်းကြောင်းအတိုင်း လိုက်ခဲ့ပါတယ်။
အင်တာမီယာမီစတား မက်ဆီတစ်ယောက် ပွဲထွက်ခွင့်နည်းပါးလာတာကြောင့် မေဂျာလိဂ်ပရိသတ်တွေကြား ရေပန်းစားမှု လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ရွေးချယ်မှုအတွက် ပါဝင်နေပေမဲ့ ချာလိုတီနဲ့ပွဲမှာ အရန်ခုံမှာသာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ အရန်ခုံထိုင်ခဲ့ရတာကြောင့် မက်ဆီတစ်ယောက် ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲကို မပါဝင်ခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဘက်ခမ်းက သူ့အနေနဲ့ ဘာစီလိုနာစတားတွေဆီကနေ ပျော်ပွဲရွှင်ပွဲအတွက် တောင်းဆိုခံရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။