ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ မက်ဆီ

ဒဏ်ရာပြဿနာကြောင့် အင်တာမီယာမီရဲ့လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ မက်ဆီ

အင်တာမီယာမီစူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသေးစားကြွက်သားဒဏ်ရာကြောင့် ကြာသပတေးနေ့နံနက်က တိုက်ဂါးစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီ အခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ မာရှေးယာနို

‘မက်ဆီ’အခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ‘မာရှေးယာနို’

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက မက်ဆီအနေနဲ့ အယ်လ်အေဂလက်ဆီနဲ့ပွဲမှာ အဆင်မပြေသလိုဖြစ်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ ပွဲအပြီးမှာ နည်းပြ မာရှေးယာနိုက မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီး သတင်းရှင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
'မက်ဆီ'က အသင်းအတွက် ပြန်ကစားပေးတော့မယ်လို့ မာရှေရာနို အတည်ပြု

‘မက်ဆီ’က အသင်းအတွက် ပြန်ကစားပေးတော့မယ်လို့ မာရှေရာနို အတည်ပြု

အင်တာမီယာမီနည်းပြချုပ် ဇာဗီယာမာရှေရာနိုက အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ စနေနေ့ညမှာ LA Galaxy အသင်းနဲ့ ယှဉ်ပြိုင်ကစားမဲ့ပွဲစဉ်အတွက် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း၊ သြဂုတ်လ ၂ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းအတွက် ပြန်လည်ပါဝင်တော့မှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
လိဂ်ဖလားပွဲစဉ်ကို မက်ဆီလွဲချော်သွားမယ်

ပူးမက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားပွဲစဉ်ကို မက်ဆီလွဲချော်သွားမယ်လို့ မာရှေယာနို အတည်ပြု

အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဒဏ်ရာပြဿနာ မသက်သာသေးတာကြောင့် ပူးမက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားပွဲစဉ်ကို လွဲချော်သွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တဲ့ မက်ဆီ xda77

နီကာဇာနဲ့ပွဲမှာ ညာဘက်ခြေထောက် အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တဲ့ မက်ဆီ

အင်တာမီယာမီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယမန်နေ့က နီကာဇာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ပွဲအစ ၁၁ -မိနစ်မှာပဲ လူစားလဲခံခဲ့ရပြီး ယခုအခါမှာတော့ ကစားသမားဟာ အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ အတည်ပြုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီနဲ့ အယ်လ်ဘာတို့ပါဝင်နိုင်မယ်လို့ မာရှေယာနိုအတည်ပြု

လိဂ်ဖလားပွဲစဉ်မှာ မက်ဆီနဲ့ အယ်လ်ဘာတို့ပါဝင်နိုင်မယ်လို့ မာရှေယာနိုအတည်ပြု

အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတားတွေဖြစ်တဲ့ တိုက်စစ်မှူးလီယွန်နယ်မက်ဆီနဲ့ နောက်ခံလူဂျော်ဒီအယ်လ်ဘာတို့ဟာ အက်တလက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အင်တာမိုင်ယာမီနည်းပြ မာရှေယာနို

မက်ဆီရဲ့သမိုင်းဝင် ဂိုးသွင်းစွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ အင်တာမိုင်ယာမီနည်းပြ မာရှေယာနို

လီယွန်နယ် မက်ဆီ ဟာ MLS တွင် သမိုင်းဝင် စံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။ သူဟာ ဆက်တိုက်ကစားခဲ့တဲ့ ငါးပွဲမှာ နှစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ဒါဟာ လိဂ်မှာဘယ်သူမှမလုပ်ဖူးသေးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီ က နက်ရှ်ဗီးလ် အက်စ်စီ ကို ၂-၁ ဂိုး နဲ့ အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးစလုံးသွင်းယူပြီး ထပ်မံခြေစွမ်းပြသခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်နဲ့အတူ အာဂျင်တီးနား ဂန္တဝင်ကစားသမားဟာ MLS ပွဲစဉ် ငါးပွဲဆက်တိုက် နှစ်ဂိုးသွင်းယူတဲ့ စံချိန်ကိုထပ်မံတိုးချဲ့နိုင်ခဲ့ပြီး လိဂ်စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီ - အချိန်သီးသန့်လိုအပ်တယ်

မက်ဆီအနားယူဖို့အတွက် အချိန်သီးသန့်လိုအပ်တယ်လို့ ပြောကြားလာတဲ့ မာရှေယာနို

အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက နယူးအင်္ဂလန်ကို ၁-၂ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်အပြီးမှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို အနားယူဖို့အတွက် အချိန်သီးသန့်ပေးဖို့လိုအပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မာရှေးယာနို

မိနစ် ၉၀ ပြည့် ‘မက်ဆီ’ကိုကစားခွင့်ပေးတဲ့အပေါ် ကာကွယ်ပြောကြားလိုက်တဲ့ ‘မာရှေးယာနို’

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက မွန်ထရီရယ်ကို ၄-၁ နဲ့အနိုင်ရနေပေမဲ့ မက်ဆီကို မိနစ် ၉၀ ပြည့်ပါဝင်ခွင့်ပေးခဲ့တဲ့အပေါ် ကာကွယ်ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ အင်တာမိုင်ယာမီက မက်ဆီ ၊ တာဒီယို ၊ တီလာစကိုစတဲ့ကစားသမားတွေရဲ့ဂိုးတွေနဲ့ မွန်ထရီရယ်ကိုအနိုင်ရခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မာရှေယာနို

ဥရောပချန်ပီယံ ပီအက်စ်ဂျီကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း မာရှေယာနိုပြော

အင်တာမီယာမီဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပါမီးရက်စ်နဲ့ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုးပြတ်ဦးဆောင်ထားရာမှာ ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် သရေ ၁ မှတ်သာရရှိပြီး အုပ်စုဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် မီယာမီဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီနဲ့တွေ့ဆုံသွားတော့မှာဖြစ်ပေမဲ့ မာရှေယာနိုက သူ့ရဲ့အသင်းဟာ ဥရောပချန်ပီယံအသင်းနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်