ဂိုး၂၅၀ ပြည့်သွင်းယူနိုင်တဲ့ မိုဆာလက်ကို အန်းစလော့ ချီးကျူးဂုဏ်ပြု
အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးကစားသမားဘဝ ဂိုး ၂၅၀ မြောက် သွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်ကို နည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးကစားသမားဘဝ ဂိုး ၂၅၀ မြောက် သွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်ကို နည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။
ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဆုပေးပွဲကို တနင်္လာနေ့ညက ပဲရစ်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို ဆွတ်ခူးအောင်မြင်ခဲ့တာကြောင့် ဒီဆုနဲ့ထိုက်တန်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။
မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေကြောင့် ကြိုးကြာနီတွေရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆု သိမ်းပိုက်ရေးကြိုးပမ်းမှုကို အဟန့်အတားမဖြစ်စေခဲ့ပါဘူးလို့ လီဗာပူးနည်းပြအန်းစလော့က ရှင်းပြခဲ့ပါတယ်။
လီဗာပူးကြယ်ပွင့်မိုဆာလက်က အခုရာသီ၊ အန်ဖီးလ်မှာ နည်းပြအန်းစလော့နဲ့ လက်တွဲရမှုအပေါ် သူ့ရဲ့အတွေးအမြင်တွေကို ဝေမျှလာခဲ့ပါတယ်။ အီဂျစ်တိုက်စစ်မှူးက အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ထိပ်တန်းစွမ်းဆောင်ရည်မျိုးပြသနေပြီး ကလပ်အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယား ဦးဆောင်သူဖြစ်လာနိုင်ရေး ကူညီပေးခဲ့ပါတယ်။