
ယူနိုက်တက်စတားအပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရိုမာနို
သတင်းတွေအရ နာပိုလီအသင်းဟာ ယူနိုက်တက်စတား ဂါနာချိုကို ခေါ်ယူဖို့ ချိတ်ဆက်နေဆဲလို့ သိရပါတယ်။ ဂါနာချိုဟာ အခုနွေရာသီမှာ ယူနိုက်တက်နေထွက်ခွာဖို့ပြင်ဆင်နေတဲ့ကစားသမား ၅ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ အာမိုရင်နဲ့လည်းအဆင်မပြေဖြစ်နေပြီး နာပိုလီအသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ အာမိုရင်ရောက်လာချိန်မှာတော့ ပွဲထွက်ခွင့်ပါသိပ်မရတော့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။