အာဆင်နယ်စတားယိုကရက်စ်

ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အာဆင်နယ်စတားယိုကရက်စ်

အာဆင်နယ်အသင်းတိုက်စစ်မှူး ယိုကရက်စ်က လန်ဒန်မြေကိုပြောင်းရွှေ့လာခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပြီး စပို့တင်းကို မလေးစားသလို မလုပ်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ယိုကရက်စ်ဟာ အခုနွေရာသီမှာ စပို့တင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့ခွင့်ရဖို့ အတော်လေးစောင့်ဆိုင်းခဲ့ရသလို တွန်းအားပေးခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရောကရက်စ်ကို ချီးကျူးလိုက်တဲ့ ရိုနယ်ဒို

အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့တဲ့ ရောကရက်စ်ကို ထူးခြားတဲ့ကစားသမားလို့ ချီးကျူးလိုက်တဲ့ ရိုနယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒိုက တိုက်စစ်မှူး ဗစ်တာ ရောကရက်စ်ကို ယခုနွေရာသီတွင် အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ထူးခြားတဲ့ကစားသမား လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ရောကရက်စ်ဟာ ပွဲထွက်ကစားမှု၊ ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှုတို့နှင့် ပတ်သက်တဲ့ အပိုဆုကြေးများပါဝင်တဲ့ ပေါင် ၆၄ သန်း (ယူရို ၇၄ သန်း ၊ ဒေါ်လာ ၈၆ သန်း) တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးဖြင့် ဂန်နာတို့ထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ စပို့တင်းတွင် ၅၄ ဂိုး သွင်းယူခဲ့တဲ့ အောင်မြင်သော ရာသီတစ်ခုပြီးနောက် အပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူလိုတဲ့ အသင်းတွေ များပြားခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

ဂျိုကာရက်စ်ကို စင်္ကာပူသို့ရောက်ရှိနေတဲ့ အသင်းလူစာရင်းနဲ့ တစ်ခါတည်းပူးပေါင်းခိုင်းသွားမဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ပြီးတာနဲ့တစ်ပြိုင်နက် စင်္ကာပူသို့ရာသီကြိုခရီးစဉ်ထွက်ခွာသွားတဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းပူးပေါင်းခိုင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်

ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာတဲ့ စပို့တင်းစတား

အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကတော့ ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ အာဆင်နယ် နဲ့ ယိုကရက်စ်တို့ကြားအပြောင်းအရွှေ့ဇာတ်လမ်းက သတင်းခေါင်းစဉ်အဖြစ် နေရာယူနေဆဲဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

‘ဂျိုကာရက်စ်’ကိုခေါ်ယူနိုင်ဖို့ ပေါ်တူဂီမြေအထိ အာဆင်နယ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ညှိနှိုင်း

အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာ အန်ဒရီဘာတာဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုခေါ်ယူနိုင်ရေးအတွက် ယခုအခါမှာတော့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပေါ်တူဂီအထိ ဆွေးနွေးညှိနှိုင်းမှုတွေ သွားရောက်ပြုလုပ်နေပြီဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗစ်တာရောကရက်စ်

ကီလီယန် အမ်ဘာပေ ထက် ဂိုးပိုသွင်းခဲ့သော်လည်း ဥရောပရွှေဖိနပ်ဆုကို ဘာကြောင့်မရခဲ့တာလဲ

ဗစ်တာရောကရက်စ် က ကီလီယန် အမ်ဘာပေ ထက် ဂိုးပိုသွင်းခဲ့သော်လည်း ဥရောပရွှေဖိနပ်ဆုကို ဘာကြောင့် မရခဲ့တာလဲ မေလက အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်တွင် ပထမဆုံးရာသီမှာ ၃၄ ပွဲ ကစားခဲ့ရာ လာလီဂါသွင်းဂိုး ၃၁ ဂိုးဖြင့် အဆုံးသတ်ခဲ့ပြီး ပြိုင်ပွဲစုံတွင် ၄၂ ဂိုး သွင်းယူကာ ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ အမှန်စင်စစ် အဆိုပါ ဂိုးသွင်းမှတ်တမ်းကြောင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်တွင် ပထမဆုံးရာသီ၌ ပြိုင်ပွဲစုံတွင် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ၁၉၉၂-၉၃ ရာသီက အီဗန် ဇာမိုရာနို တင်ခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်