ဒဏ်ရာကနေပြန်လာမဲ့ ရိုဒရီအတွက် စိတ်ရှည်ဖို့ ဂွါဒီယိုလာ တိုက်တွန်း
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကွင်းလယ်လူ ရိုဒရီအပေါ် စိတ်ရှည်သည်းခံဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ ရိုဒရီဟာ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရောက်လာမှာသေချာပေမဲ့ ရေရှည်ဒဏ်ရာကနေ ပြန်လာတာဖြစ်လို့ ဂရုစိုက်ပြီး ကိုင်တွယ်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။

