နည်းပြသစ်အဖြစ် အာဘီလိုအာ တာဝန်ယူမယ်

နည်းပြသစ်အဖြစ် အာဘီလိုအာ တာဝန်ယူမယ်လို့ အတည်ပြုကြေညာလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲအပြီး ဇာဘီအလွန်ဆိုနဲ့လမ်းခွဲကာ အာဘီလိုအာကို နည်းပြသစ်အဖြစ် တာဝန်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေကို စွန့်စားပွဲထုတ်မလား

စပိန်စူပါဖလားဗိုလ်လုပွဲမှာ အမ်ဘာပေကို စွန့်စားပွဲထုတ်မလားဆိုတာ ဆုံးဖြတ်ရမဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲအတွက် အသင်းနဲ့အတူ လိုက်ပါလာခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အလွန်ဆိုအတွက် ရီးရဲလ်မက်ဒရစ်အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်

မန်စီးတီးကိုရှုံးနိမ့်ပြီးနောက် အလွန်ဆိုအတွက် ရီးရဲလ်မက်ဒရစ်အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာ

မန်စီးတီးရဲ့ချန်ပီယံလိဂ်နိုင်ပွဲအပြီး ရီးရဲလ်မက်ဒရစ်က ဘာနေဗျူးမှာ လေးရက်အတွင်း ဒုတိယမြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီရလဒ်ပိုင်းကြောင့် နွေရာသီကာလ၊ လေဗာကူဆင်မှပြောင်းရွှေ့လာပြီးနောက် ရာထူးနေရာကာကွယ်နိုင်ရေးရုန်းကန်နေရတဲ့ နည်းပြအလွန်ဆိုအတွက် ဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယမ်အမ်ဘာပေဟာ ကြာသပတေးနေ့နံနက်က အိုလံပီယာကော့စ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပထမပိုင်းအတွင်း ၃ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

စူပါစတားနှစ်ဦးကို ပစ်မှတ်ထားချဉ်းကပ်ခဲ့တဲ့ ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

အန်းစလော့က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့ လီဗာပူးရဲ့ပွဲကြိုအစီအမံအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ အန်ဖီးလ်ကွင်းမှာ စပိန်ဘီလူးကြီးကို ကြိုးကြာနီတွေက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်မှတဆင့် မက်အယ်လစ္စတာရဲ့ပွဲချိန် ၆၁ မိနစ်ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့အတူ အနိုင်ယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာ ပေကတိပြု

ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာလန်း နဲ့ ဘာပေ၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ

ထိပ်တန်းတိုက်စစ်မှူး၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ

မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ဟာလန်း နဲ့ ဘာပေတို့ကြား အကောင်းဆုံးတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ အီတလီသားဟာ ပီအက်စ်ဂျီမှာ ဘာပေနဲ့လက်တွဲခဲ့ဖူးသလို အခုလည်း စီးတီးနဲ့အတူ ဟာလန်းနဲ့လက်ရှိတွဲကစားနေတာဖြစ်ပါတယ်။ Daily Mail နဲ့အင်တာဗျူးမှာ အသက် ၂၅ နှစ်သားက တားဆီးရခက်ခဲတဲ့ကန်ချက်နဲ့ပတ်သက်ပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား ရွေးချယ်မှုကို ဖြေကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

အယ်လ်ကလက်စီကိုနိုင်ပွဲရယူရန် ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘာစီလိုနာအသင်းနဲ့ကစားမဲ့ အရေးပါတဲ့ပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ၅ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အမ်ဘာပေက စပိန်မြို့တော်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ ကြိုးစားနေပါတယ်။ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ ဟန်စီဖလစ်ခ်ရဲ့ပွဲဦးထွက်ရာသီမှာ ဘာစီလိုနာအသင်းကို ၄ ကြိမ်ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီရာသီမှာ ပြည်တွင်းဖလား ၃ လုံးကို ဘာစီလိုနာအသင်းက ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသင်းဖော်စတား၂ ဦးကို ချီးကျူးလိုက်တဲ့ အလွန်ဆို

ဂျူဗင်တပ် တပ်စ်ကိုအနိုင်ရပြီးနောက် အသင်းဖော်စတား၂ ဦးကို ချီးကျူးလိုက်တဲ့ အလွန်ဆို

ရီးရဲလ်နည်းပြ အလွန်ဆိုက ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် အာဒါဂူလာ နဲ့ ဘယ်လင်ဟမ်တို့ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒဏ်ရာကနေပြန်လာပြီးနောက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုက ခံစစ်ပိုင်းကြံ့ခိုင်မှု နဲ့ လာမဲ့အယ်လ်ကလက်ဆီကိုပွဲအတွက်ပါ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်စတား ဟာဂျယ်ဆန်

အယ်လ်ကလက်ဆီကိုပွဲကို လွဲချော်နိုင်ချေများနေတဲ့ ရီးရဲလ်စတား ဟာဂျယ်ဆန်

သတင်းတွေအရ ရီးရဲလ်အသင်းနောက်ခံလူ ဟာဂျယ်ဆန်တစ်ယောက် လာမဲ့အယ်လ်ကလက်ဆီပွဲကို လွဲချော်နိုင်ချေများနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ လုပ်ဆောင်နေရပါတယ်။ အဓိကနောက်ခံလူတွေဖြစ်တဲ့ ကာဗာဂျယ် နဲ့ အာနိုးလ်တို့ဒဏ်ရာရနေချိန်မှာ အခုဟာဂျယ်ဆန်ပါထပ်မံဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်အတွက် ခက်ခဲတော့မှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်