
ဘရာဇီးအသင်းသို့ နေမာပြန်ရောက်လာမယ်လို့ ယုံကြည်ကြောင်းပြောကြားလာတဲ့ ရော်နယ်ဒင်ဟို
ဆန်းတို့စ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်နေမာဟာ ယခုစက်တင်ဘာလအတွင်း ဘရာဇီးလက်ရွေးစင်အသင်းရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေ ထုတ်ပယ်ခံထားရပေမဲ့ တစ်ချိန်ချိန်မှာတော့ အသင်းသို့ပြန်လည်ရောက်ရှိလာမယ်လို့ယုံကြည်ကြောင်း ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုက အခိုင်အမာပြောကြားလာခဲ့ပါတယ်။