
ကမ္ဘာ့ထိပ်တန်းလိဂ်ငါးခုနဲ့ပတ်သက်လို့ စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်
ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်ငါးခုစာရင်းမှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပါဝင်တယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ ပြောဆိုမှု ကို မာရက်ဇ်က ငြင်းချက်ထုတ်လိုက်ပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် အယ်လ်အာလီကြယ်ပွင့်က အခုလိုငြင်းဆန်ခဲ့တာပါ။ အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းတယ်၊ ပြင်သစ်မှာပီအက်စ်ဂျီပဲရှိပါတယ်ဆိုတဲ့မှတ်ချက်စကားတွေ ပေးခဲ့ဖူးပြီး ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မဂ္ဂဇင်းက မာရက်ဇ်ဆီ ထင်မြင်ချက်တောင်းခံခဲ့ပါတယ်။