ဟာလန်းရဲ့စက်ရုပ်အကပုံစံအောင်ပွဲခံမှုအပြီး ရယ်ရွှင်ဖွယ်တုံ့ပြန်ခဲ့တဲ့ ပီတာခရော့ချ်
ဟာလန်းက တနင်္ဂနွေနေ့၊ ဘုန်းမောက်နဲ့ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူကာ သူ့ရဲ့ဘောလုံးရာသီသစ်ကို အံ့မခန်းပုံစံဖြင့် စတင်နိုင်ခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးက အီတီဟတ်ကွင်းအတွင်း အဖွင့်ဂိုးသွင်းယူပြီးချိန် အောင်ပွဲခံမှုပုံစံတစ်ခုကို ဆွဲထုတ်လာခဲ့ပါတယ်။ အခုရာသီ၊ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကစားပြီးသေးချိန် ဟာလန်းရဲ့သွင်းဂိုးက ၁၃ ဂိုးအထိ ရှိလာပါပြီ။

