
ရော်နယ်ဒိုနဲ့သူနဲ့ကြားက ဆက်ဆံရေးအခြေအနေကို ပြောပြလာတဲ့ မက်ဆီ
အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက သူနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေဟာ သာမန်သာဖြစ်ကြောင်းနဲ့ ရင်းနှီးတွေမိတ်ဆွေတွေမဟုတ်ကြောင်း ပြောပြလာခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ၂ ပွင့်ဟာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပေမဲ့ တစ်ဦးနဲ့တစ်ဦး ရန်ငြှိုးထားတာမျိုးမရှိခဲ့ဘဲ အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ကစားခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ကာလရှည် အပြိုင်လုခဲ့ကြသူတွေလည်းဖြစ်ပါတယ်။