ဗီလာဂိုးသမား မာတီနက်ဇ်

အိုနာနာဒဏ်ရာရပြီးနောက် ဂိုးသမားသစ်ရှာဖွေလာတဲ့ ယူနိုက်တက်

ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာစတား တာစတီဂျန်

ဘာစီလိုနာဂိုးသမား ‘တာစတီဂျန်’ကို ပစ်မှတ်ထားလာတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဂိုးသမားနေရာအတွက် ဘာစီလိုနာအသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ တာစတီဂျန်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ အီဒါဆန်ရဲ့အနာဂတ်က မသေချာသေးပဲ တူရကီ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ အသက် ၃၁ နှစ်သားအနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် ဂွါဒီယိုလာက ဂိုးသမားနေရာကို အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

အပြည့်အစုံဖတ်ရန်
အက်သလက်တီကိုကြယ်ပွင့် ဒီပေါလ်

အက်သလက်တီကိုကြယ်ပွင့် ‘ဒီပေါလ်’ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ အင်တာမီယာမီ

မေဂျာလိဂ်ကလပ် အင်တာမီယာမီဟာ အသင်းရဲ့စူပါစတား လီယွန်နယ်မက်ဆီရဲ့ နိုင်ငံလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အက်သလက်တီကိုကြယ်ပွင့် ဒီပေါလ်ကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်လာကြောင်း သတင်းတွေကဖော်ပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာ

အသင်းဟောင်းကို နှုတ်ဆက်စကားဆိုလိုက်တဲ့ ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာ

အာဆင်နယ်ထံပြောင်းရွှေ့တော့မဲ့ ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာတစ်ယောက် အသင်းဟောင်းကို နှုတ်ဆက်စကားဆိုလိုက်ပါတယ်။ အသက် ၂၁ နှစ်သားဟာ အာဆင်နယ်အသင်းထံ ပေါင် ၁၇ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲ့မတိုင်ခင် ဗလန်စီယာစတားဟာ အသင်းဖော်တွေအပြင် အသင်းကိုနှုတ်ဆက်စကားဆိုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးရဲ့တောင်ပံကစားသမား နိုနီမာဒူကီ

ချဲလ်ဆီးတောင်ပံကစားသမား မာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးရဲ့တောင်ပံကစားသမား နိုနီမာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲလက်ခံခဲ့တာဖြစ်ပြီး မာဒူကီဟာ အာတီတာရဲ့အသင်းနဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အာတီတာအနေနဲ့ မာဒူကီရဲ့ စွယ်စုံရဘောလုံးစွမ်းရည်ကို သဘောကျနေပြီး ကစားသမားဟာ အသင်းအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်လာမယ်လို့ ယူဆထားကြောင်း သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချို

ယူနိုက်တက်စတားအပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရိုမာနို

သတင်းတွေအရ နာပိုလီအသင်းဟာ ယူနိုက်တက်စတား ဂါနာချိုကို ခေါ်ယူဖို့ ချိတ်ဆက်နေဆဲလို့ သိရပါတယ်။ ဂါနာချိုဟာ အခုနွေရာသီမှာ ယူနိုက်တက်နေထွက်ခွာဖို့ပြင်ဆင်နေတဲ့ကစားသမား ၅ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ အာမိုရင်နဲ့လည်းအဆင်မပြေဖြစ်နေပြီး နာပိုလီအသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ အာမိုရင်ရောက်လာချိန်မှာတော့ ပွဲထွက်ခွင့်ပါသိပ်မရတော့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
နီကိုဂွန်ဇာလက်ဇ်

၆ လအကြာမှာပဲ မန်စီးတီးကနေထွက်ခွာဖို့ ပြင်ဆင်လာတဲ့ စပိန်သား နီကိုဂွန်ဇာလက်ဇ်

သတင်းတွေအရ မန်စီးတီးကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်တစ်ယောက် ၆ လအကြာမှာတင် အသင်းကနေထွက်ခွာဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ လာမာစီယာအကယ်ဒမီထွက်ကစားသမားဟောင်းဟာ ၂၀၂၅ ဆောင်းရာသီဈေးကွက်တုန်းက ပေါ်တိုအသင်းထံကနေ ပေါင်သန်း ၅၀ နဲ့ စီးတီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

‘ဂျိုကာရက်စ်’ကိုခေါ်ယူနိုင်ဖို့ ပေါ်တူဂီမြေအထိ အာဆင်နယ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ညှိနှိုင်း

အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာ အန်ဒရီဘာတာဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုခေါ်ယူနိုင်ရေးအတွက် ယခုအခါမှာတော့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပေါ်တူဂီအထိ ဆွေးနွေးညှိနှိုင်းမှုတွေ သွားရောက်ပြုလုပ်နေပြီဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မာတင်နယ်လီ

‘မာတင်နယ်လီ’ကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အယ်လ်နာဆာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အာဆင်နယ်ကြယ်ပွင့် ဂါဘရီရယ်မာတင်နယ်လီကို ပေါင်သန်း ၇၃ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်အသင်းဟာ ဖီနာဘာချီကို အငှားနဲ့ပြောင်းရွှေ့တော့မဲ့ ဂျွန် ဒူရန်နေရာမှာ အစားထိုးဖို့ တိုက်စစ်ကစားသမားသစ်ရှာဖွေနေတာပါ။ လီဗာပူးကစားသမား လူဝစ်ဒီးယက်ဇ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် အယ်လ်နာဆာအသင်းဟာ မာတင်နယ်လီကို ဒီနွေရာသီအတွင်း တိုက်စစ်ကို အားဖြည့်ဖို့အတွက် အကောင်းဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ထားပါတယ်။

အပြည့်အစုံဖတ်ရန်
အင်တာမီယာမီမှ ထွက်ခွာဖွယ်ရှိတဲ့ မက်ဆီ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အင်တာမီယာမီမှ ထွက်ခွာဖွယ်ရှိတဲ့ မက်ဆီ

အင်တာမီယာမီတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆက်လက်ပါဝင်ဖို့စိတ်အားထက်သန်နေတာကြောင့် လက်ရှိကလပ် မီယာမီကနေထွက်ခွာပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုသို့ပြောင်းရွှေ့ကစားသွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်