
အစာအိမ်ဝေဒနာသက်သာလာပြီးနောက် ဆေးရုံမှပြန်ဆင်းလာတဲ့ အမ်ဘာပေ
ပြင်းထန်အစာအိမ်ဝေဒနာကြောင့် တိုက်စစ်မှူးအမ်ဘာပေ ဆေးကုသမှုခံယူနေတယ်လို့ ကြာသပတေးနေ့အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာခဲ့ပြီးနောက် အခုအချိန်မှာတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ရောဂါသက်သာလာလို့ ဆေးရုံဆင်းလာခဲ့ပါပြီ။