အယ်လ်ကလက်ဆီကိုပွဲကို လွဲချော်နိုင်ချေများနေတဲ့ ရီးရဲလ်စတား ဟာဂျယ်ဆန်
သတင်းတွေအရ ရီးရဲလ်အသင်းနောက်ခံလူ ဟာဂျယ်ဆန်တစ်ယောက် လာမဲ့အယ်လ်ကလက်ဆီပွဲကို လွဲချော်နိုင်ချေများနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ လုပ်ဆောင်နေရပါတယ်။ အဓိကနောက်ခံလူတွေဖြစ်တဲ့ ကာဗာဂျယ် နဲ့ အာနိုးလ်တို့ဒဏ်ရာရနေချိန်မှာ အခုဟာဂျယ်ဆန်ပါထပ်မံဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်အတွက် ခက်ခဲတော့မှာဖြစ်ပါတယ်။

