ကမ္ဘာ့ဖလားမှာ ဘရာဇီးအတွက်ကစားလိုပါက ကြံ့ခိုင်မှုပြည့်ဝနေရမယ်လို့ နေမာကို အန်ဆယ်လော့တီ သတိပေး
ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူစာရင်းကနေ ကာလရှည်ထုတ်ပယ်ခံထားရတဲ့ နေမာဂျူနီယာဟာ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ရွေးချယ်ခံရနိုင်ချေရှိပေမဲ့ ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုအပ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။

