
‘ပါဘလို တော်ရီ’က စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိ
ဘာစီလိုနာအသင်းက ကွင်းလယ်လူ ပါဘလို တော်ရီ (Pablo Torre) ဟာ ‘စပိန်လာလီဂါ’ကလပ်အသင်းတစ်သင်းကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။ ကလဲမန့် လန်ဂ်လက် နဲ့ အန်ဆူ ဖာတီ တို့ ထွက်ခွာသွားပြီးနောက် ဘာစီလိုနာအသင်းဟာ နောက်ထပ် ကစားသမားတစ်ဦးနဲ့ မကြာခင်မှာ နှုတ်ဆက်ရတော့မှာပါ။ အသင်းမှာအခွင့်အရေးနည်းပါးနေတဲ့ ပါဘလို တော်ရီဟာ လာလီဂါပြိုင်ဘက် RCD Mallorca (မက်ယော်ကာ) အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။