
Maroon 5 နဲ့ Blackpink အဖွဲ့ဝင် လီဆာရဲ့သီချင်းသစ် မကြာခင် ထွက်ရှိမည်
Maroon 5 နဲ့ Blackpink ရဲ့အဖွဲ့ဝင် လီဆာရဲ့သီချင်းသစ် ဧပြီလကုန်ပိုင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ဒီအကြောင်းကို အနုပညာရှင် နှစ်ဦးစလုံးရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ အရိပ်အမြွက်ဖော်ပြချက်တွေအရ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ Maroon 5 ရဲ့ lead singer အဒမ်လက်ဗင်း နဲ့ ကင်မရာကို ကျောခိုင်းထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံကို Instagram မှာ (ဧပြီ ၂၃ ရက်) က တင်ခဲ့ပါတယ်။