
BTS အဖွဲ့ဝင်(၇)ဦးစလုံး စစ်မှုထမ်းတာဝန်ပြီးမြောက်
BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suga သည် ၎င်း၏ စစ်မှုထမ်းတာဝန်ကိုအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်(၇)ဦးစလုံး ပြန်လည်ပေါင်းစည်းသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် Suga ၏ စစ်မှုထမ်းတာဝန်ပြီးဆုံးသည့်နေ့တွင် လူများပြည့်ကျပ်နေမည်ကို စိုးရိမ်သောကြောင့် မည်သည့်ပွဲကိုမှ မပြုလုပ်ခဲ့ကြောင်း BTS ၏အေဂျင်စီ Big Hit Entertainment က အစောပိုင်းတွင်ထုတ်ပြန်ပြောကြားခဲ့သည်။