
၄ လကြာ အသင်းလက်မဲ့ဖြစ်ခဲ့ပြီးနောက် အသင်းသစ်ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ဘာလော့တယ်လီ
မန်ချက်စတာစီးတီးတိုက်စစ်မှူးဟောင်း မာရီယိုဘာလော့တယ်လီဟာ ၄ လကြာအသင်းလက်မဲ့ဘဝကို ဖြတ်သန်းပြီးနောက် ယခုအခါမှာ အီတလီစီးရီးအေကလပ် ဂျီနိုအာနဲ့ချိတ်ဆက်ဖို့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။