လီဗာပူးအသင်းအဝတ်လဲခန်းအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ချီယေဆာ

ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်မှုအပြီး လီဗာပူးအသင်းအဝတ်လဲခန်းအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ချီယေဆာ

ပြီးခဲ့တဲ့စနေနေ့၊ ဘရန့်ဖို့ဒ်ကို မရှုမလှရှုံးနိမ့်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ အဝတ်လဲခန်းတစ်ခုအတွင်း ဘယ်သူမှ စကားမပြောနိုင်ကြဘူးလို့ လီဗာပူးတိုက်စစ်မှူးချီယေဆာက ဖွင့်ဟလာခဲ့ပြီး မကြာခင်မှာ အကောင်းဆုံးပုံစံဆီ ကြိုးကြာနီတွေ ပြန်ရောက်ရှိသွားလိမ့်မယ်လို့ အားပေးထောက်ခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်အသင်းပိုင်ရှင်ထောက်ခံမှုကို ရရှိနေဆဲဖြစ်တဲ့ အာမိုရင်

ယူနိုက်တက်အသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကို ရရှိနေဆဲဖြစ်တဲ့ အာမိုရင်

မန်ချက်စတာယူနိုက်နည်းပြ ရူဘင်အာမိုရင်ဟာ ကြာသပတေးနေ့နံနက်က ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ အင်္ဂလန်စတုတ္ထတန်းကလပ် ဂရင်းစ်ဘီတောင်းကို အံ့အားသင့်ဖွယ် ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမဲ့ အသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကို ရရှိနေဆဲဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်