အေဂျက်စ်ကိုအနိုင်ရတဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး
ကြာသပတေးနေ့နံနက်က အေဂျက်စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ လူငယ်ကစားသမားအများအပြားကိုပွဲထုတ်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ စံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အေဂျက်စ်အနေနဲ့ ယခုပွဲစဉ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာလာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲအစ ၁၅ မိနစ်မှာပဲ အသင်းခေါင်းဆောင် ကန်းနက်တေလာက တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

